ဆော်ဒီကလပ်တွေရဲ့ မက်မောစရာကမ်းလှမ်းမှုတွေရရှိခဲ့ပေမဲ့ နှလုံးသားစေရာကိုသာ ရွေးချယ်ခဲ့ ကြောင်း အာဂျင်တီးနားတောင်ပံတိုက်စစ်မှူး ဒီမာရီယာက ပြောပါတယ်။
သူဟာ အခုနှစ် အပြောင်းအရွှေ့ကာလမှ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်းဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့ကစားနေတာပါ။
သူ့ကို ဆော်ဒီကလပ်တွေက ရူးသွပ်လောက်စရာကောင်းတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းခဲ့ပေမဲ့၊ ဘင်ဖီကာအသင်းဆီကို ပြန်ချင်တာကြောင့် နှလုံးသားစေရာဆီသာ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဒီမာရီယာက ပြောပါတယ်။
ဒီမာရီယာဟာ သြဂတ် ၁၀ ရက်က ပေါ်တိုနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီစူပါဖလားမှာ ပွဲဦးထွက်ကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီး ဆုဖလားရယူခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ်မှူးဟာ မွေးရပ်မြေကလပ်ရိုဆာရီယိုကနေ ဥရောပဆီပြောင်းရွှေ့ခဲ့ရာမှာ ဘင်ဖီကာအသင်းက ပထမဆုံးကစားတဲ့ အသင်းဖြစ်ခဲ့တာပါ။
သူဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ဘင်ဖီကာမှာကစားခဲ့ပြီး ရီးရဲလ်၊ မန်ယူ၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။