ဂျပန်နိုင်ငံက ပျက်စီးနေတဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေတွေကို သြဂုတ် ၂၄ ရက်မှာ ဂျပန်အစိုးရက ပစိဖိတ်သမုဒ္ဒရာထဲ ဖောက်ချ စွန့်ထုတ်လိုက်လို့ တရုတ်နိုင်ငံက ပင်လယ်စာတင်သွင်းမှုအားလုံးကို ချက်ချင်း တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ရဟတ်ယာဉ်တစီးက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပျက်စီးနေတဲ့ စက်ရုံနဲ့ သန့်စင်ထားတဲ့ ရေတွေပြည့်နေတဲ့ အတန်းလိုက်ဆောက်ထားတဲ့ ကန်တွေထဲကရေတွေ သမုဒ္ဒရာထဲ စွန့်ထုတ်ဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။
ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေတွေကို ပစိဖိတ်သမုဒ္ဒရာအတွင်း စွန့်ထုတ်ရေးအတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂျပန်အစိုးရက လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုခဲ့တာပါ။
ဆူနာမီကြောင့် ပျက်စီးသွားပြီးတဲ့နောက် ဖူကူရှီးမား ဒိုင်အိချိ စက်ရုံကို ဖျက်သိမ်းဖို့ အလွန်ရှည်လျားပြီး ခက်ခဲတဲ့ လုပ်ငန်းစဉ်ရဲ့ အဓိကခြေလှမ်းလည်း ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၀၃ မိနစ်မှာ ရေတွေကို စတင်စွန့်ထုတ်ခဲ့ပြီး ပင်လယ်ရေတင်စက် ဒါမှမဟုတ် အနီးပတ်ဝန်းကျင်က အဆောက်အဦတွေမှာ မူမမှန်မှု တစုံတရာ မတွေ့သေးဘူးလို့ စက်ရုံကို လည်ပတ်ဆောင်ရွက်သူ တိုကျိုလျှပ်စစ်စွမ်းအင် (Tepco) က ပြောခဲ့ပါတယ်။
Source - Reuters