ဂျပန်အစိုးရရဲ့ ဖူကူရှီးမား နျူးကလီးယားစက်ရုံက ရေဒီယိုသတ္တိကြွရေတွေ ထုတ်လွှတ်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့တဲ့ ကောလိပ်ကျောင်းသား အနည်းဆုံး ၁၄ ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က သြဂုတ် ၂၄ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
လူငယ်တွေအများစု ပါဝင်တဲ့ ဆန္ဒပြအဖွဲ့ဟာ သံရုံးတည်ရှိရာ အဆောက်အအုံရဲ့ ၈ ထပ်မြောက်ကို ရောက်ရှိလာကြပြီး ရေထုတ်လွှတ်မှုကို ရှုတ်ချတဲ့ စာတန်းတွေကို ချိတ်ဆွဲခဲ့ကြပါတယ်။
ရဲအရာရှိတွေဟာ ဆန္ဒပြသူတွေကို အဆောက်အအုံအပြင်ကို ဆွဲထုတ် ခေါ်ဆောင်လာပြီး သူတို့တွေကို ဘတ်စ်ကားထဲ တွန်းတင်ထိုးထည့်ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ သြဂုတ် ၂၄ ရက်ကစပြီး ဆူနာမီကြောင့် ထိခိုက်ပျက်စီးထားတဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွ ရေတွေကို ပစိဖိတ် သမုဒ္ဒရာထဲကို စွန့်ပစ်ထုတ်လွှတ်နေတာဖြစ်ပြီး ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source - Reuters