Home
နိုင်ငံတကာ
စူးအက်တူးမြောင်းတွင် သင်္ဘောအသွားအလာ ပုံမှန်ပြန်ဖြစ်
DVB
·
August 23, 2023
Suez Canal_Reuters_23082023

အီဂျစ်နိုင်ငံက စူးအက်တူးမြောင်းထဲမှာ အစောပိုင်းက တိုက်မိခဲ့တဲ့ ရေနံတင်သင်္ဘော နှစ်စင်းကို သီးခြားဖယ်ထုတ်ပြီးနောက် သြဂုတ် ၂၃ ရက်မှာ သင်္ဘောအသွားအလာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ နိုင်ငံအခြေစိုက် သင်္ဘောသတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

စင်ကာပူအလံတင်ထားပြီး သဘာဝဓာတ်ငွေ့ရည် (LNG) တွေ သယ်ဆောင်လာတဲ့ BW လက်စ်မက်စ်နဲ့ ကေးမန်းကျွန်းစု အလံတင်ထားတဲ့ ရေနံတင်သင်္ဘော ဘာရီတို့ စူးအက်တူးမြောင်းထဲမှာ ခဏတိုက်မိခဲ့တယ်လို့ သင်္ဘောခြေရာခံတဲ့ ကုမ္ပဏီ မရင်း ထရပ်ဖစ်က မျက်မြင်သက်သေတွေကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီလောက်က BW လက်စ်မက်စ်ဟာ မြောက်ဘက်ကိုဦးတည်ပြီး တွန်းလှေနှစ်စင်းက တောင်ဘက်ကို ဆွဲချထားတယ်လို့ ရက်ဖစ်နစ်တစ်ဗ် အိုက်ကွန် ဘဏ္ဍာရေး အကဲဖြတ်လုပ်ငန်းရဲ့ သင်္ဘောခြေရာခံ အချက်အလက်တွေက ဆိုပါတယ်။

တချိန်တည်းမှာ ဘာရီ ရေနံတင်သင်္ဘောက တူးမြောင်းရဲ့ တောင်ဘက်စွန်းကနေ ၇ ဒသမ ၅ မိုင်အကွာ တောင်ဘက်ကို ဦးတည်နေတယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။

စူးအက်တူးမြောင်းဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး ရေလမ်းတွေထဲက တခုဖြစ်ပြီး ဥရောပနဲ့ အာရှအကြား အတိုဆုံး သင်္ဘောလမ်းကြောင်းပါ။

၂၀၂၁ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်လို့ Ever Given ကုန်သေတ္တာတင်သင်္ဘောကြီးတစင်း စူးအက်တူးမြောင်းထဲ ဖြတ်ကျော်ဝင်ရောက်ရင်း ညပ်ပြီး လမ်းပိတ်နေခဲ့ဖူးပါတယ်။ ဒါကြောင့် လမ်းကြောင်းနှစ်ခုစလုံးမှာ သင်္ဘောအသွားအလာ ခြောက်ရက်ကြာ ရပ်ထားခဲ့ရလို့ ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024