ပိုလန်အစိုးရဟာ သူတို့ဝယ်ယူထားတဲ့ တောင်ကိုရီးယား FA-50 ဂျက်တိုက်လေယာဉ်တွေထဲက တစင်းကို ဝါဆောမြို့တော်ရဲ့ ဆင်ခြေဖုံးက စစ်တပ်အခြေစိုက်စခန်းမှာ သြဂုတ် ၂၁ ရက်က ပြသခဲ့ပါတယ်။
ဒီလေယာဉ်ဟာ လက်ရှိ ဆိုဗီယက်နဲ့ ဆိုဗီယက်ခေတ်လွန် တိုက်လေယာဉ်တွေပါတဲ့ ပိုလန်လေတပ်ကို ခေတ်မီအောင်လုပ်ရေး အထောက်အကူ ဖြစ်စေမှာပါ။
အနောက်ကမ္ဘာက လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်လွန် လေယာဉ်တွေထက် သာလွန်တယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီယုရှ်ဘလက်ရှ်ကပ်ဖ်က FA-50 တိုက်လေယာဉ် မိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။
FA-50 တိုက်လေယာဉ်နှစ်စင်းကို ပိုလန်နိုင်ငံဆီ ပေးပို့ထားပြီး အခုနှစ်နှောင်းပိုင်းမှာ နောက်ထပ် ၁၀ စီး ထပ်ရောက်လာဖို့ စီစဉ်ထားတယ်လို့ ဘလက်ရှ်ကပ်ဖ်က ပြောပါတယ်။
တောင်ကိုရီးယားဟာ ပိုလန်အတွက် အရေးပါတဲ့ မိတ်ဘက်နိုင်ငံဖြစ်လာဖို့ ရည်မှန်းထားပြီး မနှစ်က ပိုလန်အစိုးရနဲ့ ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံဖိုး လက်နက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဓိက နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ပိုလန်နဲ့ သဘောတူညီချက်မှာ ရာချီတဲ့ ချွန်မူး ဒုံးပစ်လောင်ချာတွေ၊ K2 တင့်ကားတွေ၊ K9 မောင်းသူမဲ့ ဟော့ဝစ်ဇာတွေနဲ့ FA-50 တိုက်လေယာဉ်တွေ ပါဝင်ပါတယ်။
Source - Reuters