နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ နောက်ခံလူ မွန်တီရယ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။
မနေ့က နောင်တင်ဟမ်အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင် ၉ ဒသမ ၆ သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။
မွန်တီရယ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ဘက်ကို နောက်ဆုံးပင်နယ်တီကန်သွင်းခဲ့သလို ဆီဗီလာနဲ့ကစားတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း နောက်ဆုံး ပင်နယ်တီကန်သွင်းခဲ့သူပါ။
အသက် ၂၆ နှစ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟာ ၂၀၂၁ ခုနှစ်က ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဆီဗီလာနဲ့ စုစုပေါင်း ၇၃ ပွဲမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။