ဂျပန်နိုင်ငံဟာ ပျက်စီးနေတဲ့ ဖူကူရှီးမားနျူးကလီးယားစွမ်းအင်စက်ရုံက သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွ ရေတန်ချိန် မက်ထရစ်တန် ၁ သန်းကျော်ကို သြဂုတ် ၂၄ ရက်မှာ စတင်ထုတ်လွှတ်တော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက သြဂုတ် ၂၂ ရက်မှာ ကြေညာပါတယ်။
ဝန်ကြီးအဖွဲ့ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ် ကီရှီဒါက သူဟာ ရာသီဥတုနဲ့ သမုဒ္ဒရာ အခြေအနေတွေက ခွင့်ပြုတဲ့ ဩဂုတ် ၂၄ ရက်မှာ စတင်ရေလွှတ်နိုင်ရေးအတွက် မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ဖို့ စက်ရုံ အော်ပရေတာဖြစ်တဲ့ တိုကျို လျှပ်စစ်စွမ်းအင်ကုမ္ပဏီ (Tepco)ကို မေးမြန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးဖို့ အသင့်ဖြစ်နေပြီး ရေထုတ်လွှတ်မှုက အစပြုပြီး ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုဒဏ်ခံရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို သူ့အစိုးရက အတည်ပြုပြီးပြီလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
၂၀၁၁ ခုနှစ်က ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တိုကျိုမြောက်ဘက် ကမ်းရိုးတန်းရှိ စက်ရုံထဲကို ဆူနာမီလှိုင်းတွေက ရိုက်ခတ်ခဲ့တဲ့အခါ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို အအေးခံရာမှာ အများစု အသုံးပြုခဲ့တဲ့ရေတွေ ပျက်စီးသွားခဲ့ရပါတယ်။
စစ်ထုတ်ဖို့ခက်ခဲလို့ အားပျော့စေတဲ့ ဟိုက်ဒရိုဂျင်ရဲ့ အိုက်ဆိုတုပ်ဖြစ်တဲ့ ထရီတီယမ်ကလွဲပြီး ရေဒီယိုသတ္တိကြွ ဒြပ်စင်အများစုကို ဖယ်ရှားသန့်စင်ထားပါတယ်။
ဂျပန်နိုင်ငံရဲ့ ရေဒီယိုသတ္တိကြွရေတွေ ထုတ်လွှတ်တော့မယ့် ကြေညာချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ဖူကူရှီးမားဒေသရဲ့ ရေထွက်ကုန်တွေကို တားမြစ်ပိတ်ပင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဂျပန်အစိုးရရဲ့ အစီအစဉ်အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်ဆန္ဒပြသူတွေရော ရှိကြပါတယ်။
ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကတော့ ဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး လူနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးကြောင်း ဇူလိုင်လက အလေးပေး ဖော်ပြပြောဆိုခဲ့ပါတယ်။
Source - Reuters