Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းဒေသတွင် ပစ်ခတ်မှုဖြစ်ပြီး အစ္စရေးအမျိုးသမီး ၁ ဦးသေဆုံး
DVB
·
August 21, 2023
Israel-Palestine_Reuters_21082023

အနောက်ဘက်ကမ်းဒေသရဲ့ ဟီဘရွန်မြို့အနီးမှာ သြဂုတ် ၂၁ ရက်က ပါလက်စတိုင်း ပစ်ခတ်မှုလို့ သံသယရှိတဲ့ ဖြစ်ရပ်အတွင်း အစ္စရေးအမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ စစ်တပ်အနေနဲ့ အတည်ပြုပါတယ်။

ဒီပစ်ခတ်မှုအတွင်း အပြင်းအထန် ဒဏ်ရာရရှိသွားတဲ့ အစ္စရေးအမျိုးသား တယောက်ကိုတော့ ဆေးရုံပို့ဆောင်လိုက်ပြီလို့ အရေးပေါ်ဝန်ဆောင်မှုဌာနက အတည်ပြုပါတယ်။

ဒါပေမဲ့လည်း ကားထဲမှာရှိနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်ကတော့ ထိခိုက်မှု မရှိကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာကို ရောက်ရှိလာတဲ့ အစ္စရေးစစ်တပ်က သံသယရှိသူတွေကို ရှာတွေ့နိုင်ဖို့အတွက် လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ သံသယရှိသူဟာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်ပေါ်ကနေ ပစ်ခတ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသမှာ စိုးမိုးထားနိုင်တဲ့ အစ္စလာမ္မစ် ဟားမတ်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဇင်မ် ကာဇမ်ကတော့ ဒီတိုက်ခိုက်မှုကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။

ဒါဟာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးတွေရဲ့ တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေတာကြောင့် လက်တုံ့ပြန်မှုတခု ဖြစ်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024