ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက ရေဘေးသင့်ပြည်သူတွေရဲ့ ခိုလှုံရာစခန်းမှာ မီးလောင်ကျွမ်းမှု တခု ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၉ ရက်အတွင်း အနည်းဆုံး ကလေးငယ် ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူ သောမတ်စ် ဘာကန်ဂါက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ မေလကစလို့ ကာလီဟီမြို့ငယ်လေးရဲ့ ဒုက္ခသည်စခန်းမှာ ရာပေါင်းများစွာသော မိသားစု တွေက ယာယီတဲတွေနဲ့အတူ နေထိုင်နေရတာ ဖြစ်ပါတယ်။
ဒါဟာ တောင် ကီဗူပြည်နယ်ရဲ့ ဘူရှူရှူ နဲ့ ညာမွတ်ခ် အူဘီ ဆိုတဲ့ ကျေးရွာတွေမှာ ဒီမိသားစုတွေရဲ့ နေအိမ်တွေက ရေလွှမ်းမိုးမှုအတွင်း ပျက်စီးသွားခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ အသက် ၁ နှစ်ကနေ ၅ နှစ်ကြား အရွယ် တွေ ဖြစ်ကြသလို အရွယ်ရောက်ပြီးသူ ၄ ဦးကလည်း ဆေးရုံ မှာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ကာဟီလီနယ်မြေဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဘာကန်ဂါ က မှတ်ချက်ပေးပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ ရေကြီးရေလျှံမှုအတွင်း လူပေါင်း ၄၆၀ ထက်မနည်း ဆုံးရှုံးခဲ့ရတဲ့အပေါ် ဝမ်းနည်း ပူဆွေးနေစဉ်မှာပဲ အခုလို အဖြစ်ဆိုးနဲ့ ထပ်ပြီးကြုံတွေ့ခဲ့ရတာပါ။
ယေဘုယျအားဖြင့် လူပေါင်း ၉၀၀၀ နီးပါးအထိ သဘာဝဘေးဒဏ်သင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရေလွှမ်းမိုးမှုကြောင့် အဆောက်အအုံတွေ ရွှံ့ထဲနစ်မြုပ်ခဲ့တဲ့အပြင် လမ်းတွေပါ ပြတ်တောက်မှု ရှိကြောင်း သိရပါတယ်။
Source-Reuters