စပါးအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဟယ်ရီကိန်းမရှိတော့တဲ့ တိုက်စစ်နေရာမှာ ရစ်ချာလီဆန်ကို အသုံးပြုနေပေမဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။
အီတလီသတင်းစာတွေရဲ့ဖော်ပြချက်အရ လူကာကူအနေနဲ့ ပရီးမီးယားလိဂ်ဆီပြန်ကစားဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။
အသက် ၃၀ နှစ်ရှိ လူကာကူဟာ မနှစ်တုန်းက အင်တာမီလန်မှာ တစ်ရာသီ အငှားထွက်ကစားခဲ့ပါသေးတယ်။
သူဟာ လက်ရှိ အချိန်မှာ ချဲလ်ဆီးအသင်းဆီပြန်လာခဲ့ပေမဲ့ တစ်ဦးတည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်နေရတာပါ။
မာကာတိုသတင်းမှာ ဖော်ပြချက်အရ လူကာကူအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၈ သန်းခွဲ ရရှိမယ်ဆိုရင် ချဲလ်ဆီးဘက်ကလက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။
လူကာကူဟာ မနှစ်တုန်းက အင်တာမီလန်အတွက် စုစုပေါင်း ၃၇ ပွဲကစားခဲ့ရာမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။