ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ပေါင် ၁၀၃ သန်းပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။
အပြောင်းအရွှေ့မပိတ်ခင် သုံးရက်အလိုမှာ အမ်ဘာပေကိုခေါ်ယူဖို့ကမ်းလှမ်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ အဆင်မပြေဖြစ်နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ခ်လိုင်ဖီကတော့ အမ်ဘာပေးရဲ့ ဆန္ဒကအဓိကဖြစ်ပြီး အသင်းမှာ ဆက်ကစားမယ်ဆိုရင် စာချုပ်သက်တမ်းတိုးထားဖို့ လိုအပ်ကြောင်းပြောထားပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမှာမ ဟုတ်ကြောင်းလည်း ပီအက်စ်ဂျီအသင်းပိုင်ရှင်က ပြောထားတာပါ။
ရီးရဲလ်အသင်းဟာ အမာခံတိုက်စစ်မှူး ဘင်ဇီမာ ထွက်ခွါသွားတာကြောင့် ဟိုဆေးလူ အပြင် နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။