အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ သြဂုတ် ၁၉ ရက်က အစ္စရေး နိုင်ငံသား ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ ပါလက်စတိုင်း သေနတ်သမားလို့ သံသယရှိသူ တဦးကို အစ္စရေးစစ်တပ်က ရှာနေပါတယ်။
လချီကြာတဲ့ အထိ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကို မြင်တွေ့ခဲ့ရတဲ့ ပါလက်စတိုင်းမြို့ ဖြစ်တဲ့ ဟူဝါရာက တိုက်ခိုက်မှုဖြစ်တဲ့ နေရာနားမှာ လမ်းတွေကို ပိတ်ဆို့ထားပါတယ်။
အစ္စရေး သားအဖနှစ်ဦးဟာ ပါလက်စတိုင်း မြို့ ဟူဝါရာမှာ ရှိတဲ့ ကားရေဆေးကန်မှာ အနီးကပ် ပစ်သတ်ခံခဲ့ရတာလို့ အစ္စရေးက အများပြည်သူပိုင်ရုပ်သံဌာန Kan က ပြောခဲ့ပါတယ်။
အစ္စရေးရဲ့ စီးနင်းမှုနဲ့ ပါလက်စတိုင်းလမ်းပေါ် တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၁၅ လ အတွင်း အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေ ပိုဆိုးရွားလာပါတယ်။
အနောက်ဘက်ကမ်း၊ ဂါဇာနဲ့ အရှေ့ ဂျေရုဆလင်တို့မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ရည်ရွယ်ပြီး အမေရိကန်က ကြားဝင် ဖျန်ဖြေနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်အသက်သွင်းမယ့် အလား အလာတွေလည်း ပြိုကျခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာအပြီး မှေးမှိန်နေဆဲဖြစ်ပါတယ်။
Source-Reuters