အယ်လ်ဘေးနီးယားကမ်းရိုးတန်းရှိ တောင်ကုန်းတွေပေါ်မှာ သြဂုတ် ၁၈ ရက်က တောမီးတွေ ပျံ့နှံ့ခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့ဟာ ကူဒတ်စ်ကျေးရွာနားမှာ မီးခိုးတွေ တက်လာတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
လယ်ယာမြေ ဟက်တာ ဒါဇင်နဲ့ချီ မီးလောင်သွားခဲ့တဲ့ တောမီးကို ရှို့ခဲ့သူလို့ သံသယရှိသူ ၂ ဦးကို လည်း ဖမ်းဆီးထားတယ်လို့ အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအမျိုးသား ၂ ဦးဟာ မြေပြင်ကို ရှင်းလင်းဖို့ ကြိုးစားခဲ့တာဖြစ်ပေမဲ့ လေပြင်းကြောင့် မီးတောက်တွေ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်လို့ အယ်လ်ဘေးနီးယန်း နေ့စဉ်သတင်းအရ သိရပါတယ်။
လယ်သမားတွေဟာ သီးနှံမျိုးစေ့ မကြဲမီ အမှိုက်တွေ၊ ပေါင်းပင်တွေနဲ့ ရိုးပြတ်တွေကို မီးရှို့တတ်တာကြောင့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မီးရှို့မှု အရေအတွက် တိုးလာတယ်လို့ အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။
Source-Reuters