လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ၁ ဂိုး သွင်းခဲ့ပြီးနောက် စတီဖင်ဂျရတ်ရဲ့ သွင်းဂိုးစံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဆာလာဟာ ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်ဆင့်ပိတ်သွင်းကာ ဂိုးသွင်း နိုင်ခဲ့ပြီး အသင်းအတွက် ၁၈၇ ဂိုးမြောက် ဖြစ်စေခဲ့တာပါ။
အဲဒီဂိုးက ဂန္ထဝင်ကွင်းလယ်လူ ဂျရတ်သွင်းယူခဲ့တဲ့ ၁၈၆ ဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး လီဗာပူး သမိုင်းတလျှောက် ပဉ္စမမြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ဆာလာရဲ့အထက်မှာ ဘိုင်လီလစ်ဒဲလ်က ၂၂၈ ဂိုးနဲ့ စတုတ္ထနေရာမှာရပ်နေနေပြီး ဂေါ်ဒွန်ဟော့ဂ်ဆန် က ၂၄၁ ဂိုး၊ ရော့ဂျာဟန့်က ၂၈၅ ဂိုးသွင်းပြီး အသီးသီးရပ်တည်နေတာပါ။
လီဗာပူးသမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားက အီရန်ရပ်ရှ်ဖြစ်ပြီး ၃၄၆ ဂိုးနဲ့ စံချိန် တင်ထားတာ ဖြစ်ပါတယ်။