ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ၂၀၂၃ - စစ်လက်နက်ပစ္စည်းပြပွဲကို အများပြည်သူ လာရောက်ကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဖိုရမ်မှာ ရုရှားနိုင်ငံပိုင် လူနာ-၂၅ (Luna-25) ဆိုတဲ့ လပေါ် ဆင်းသက်ယာဉ်ရဲ့ ပုံစံငယ်တစ်ခုကို ပြသထားပြီး မူရင်း အာကာသယာဉ်ကတော့ လပေါ်သွားရာ လမ်းကြောင်းမှာ ရှိနေပါတယ်။
ရုရှားအပါအဝင် အီရန်၊ အိန္ဒိယနဲ့ တရုတ်တို့လို စစ်လက်နက်ထုတ်လုပ်နိုင်တဲ့ နိုင်ငံတကာ အနေနဲ့ လည်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့အတူ တခြားလက်နက်မျိုးစုံကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။
မကြာသေးမီကမှ ရုရှားစစ်တပ်မှာ စတင်အသုံးပြုလာခဲ့တဲ့ ယားစ် (Yars) တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်နဲ့ အသံထက်မြန်တဲ့ အာဗန်းဂတ်(Avangard) ဒုံးကျည်ရဲ့ အရှိန်မြှင့်ဒုံးစက်ကြီးကို တော့ ဒီပြပွဲမှာ စိတ်ဝင်စားမှု များပြားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကာလမှာ သိမ်းဆည်းရယူမိခဲ့တဲ့ ယူကရိန်း လက်နက်တွေနဲ့ သံချပ်ကာယာဉ်တွေရဲ့ နမူနာကိုလည်း ပွဲစီစဉ်သူတွေက ခင်းကျင်းပြသထားပါတယ်။
အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ရုရှားဘက်က "အထူးစစ်ဆင်ရေး" ဆိုပြီး ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
Source-Reuters