ငါးဖမ်းကာလ ခေတ္တဆိုင်းငံ့ထားတဲ့ အမိန့် သက်တမ်းကုန်သွားပြီဖြစ်လို့ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကွမ်တုန်းနဲ့ ဟိုင်နယ်ပြည်နယ်တွေရဲ့ ဆိပ်ကမ်းတွေကနေ ငါးဖမ်းသင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်ကို ရွက်လွှင့် ထွက်ခွာသွားကြပါတယ်။
၃ လခွဲ ကြာမြင့်တဲ့ ငါးဖမ်းဆိုင်းငံ့ကာလဟာ ဗုဒ္ဓဟူးနေ့ ၁၂ နာရီမှာ ပြီးဆုံးခဲ့တာပါ။ ကွမ်တုန်းပြည်နယ် ချောင်ယန်းခရိုင်က ရှန်းထိုးမြို့မှာ ငါးဖမ်းရာသီသစ်ကို ကြိုဆိုတဲ့အခမ်းအနား ကျင်းပပြီးနောက်မှာ ငါးဖမ်းလှေ ၃၀၀ ကျော်ဟာ ဒေသရဲ့ ဟိုင်းမန်း ဗဟိုငါးဖမ်းဆိပ်ကနေ ထွက်ခွာသွားပါတယ်။
ငါးဖမ်းဆိုင်းငံ့ထားမှု သက်တမ်းကုန်ဆုံးပြီးကတည်းက ဟိုင်နန်ဆိပ်ကမ်းကနေလည်း ငါးဖမ်းသင်္ဘော ၁၆၀၀၀ ကျော် ထွက်ခွာသွားပြီဖြစ်ပါတယ်။
ဆန်းန်ယာ၊ လင်းန်ကောင်း၊ ချုံးဟိုင်းတို့လို မြို့ကြီးတွေနဲ့ ခရိုင်တွေမှာလည်း ငါးဖမ်းရာသီသစ်အတွက် အခမ်းအနားအမျိုးမျိုးကို ကျင်းပခဲ့ကြပါတယ်။
Source-Reuters