Home
မြန်မာသတင်း
မကွေးတွင် ကျောင်းသား ၂ ဦး ရေနစ်သေဆုံး
DVB
·
August 17, 2023
MaGway waterfloat die kid 17082023

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာရှိ ဘောလုံးကွင်းအနီးက ရေကန်ထဲမှာ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက ကျောင်းသား ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ဆားတိုင်ကန်ရွာမှာ နေထိုင်တဲ့ ၆ တန်းကျောင်းသား အသက် ၁၄ နှစ်အရွယ် မောင်စဝ်နိုင်ဘုန်းနဲ့ မောင်သူရ‌ဇော်တို့ဟာ နေ့လယ် ၁ နာရီလောက်က အဆိုပါကန်ထဲမှာ ရေဆင်းချိုးရင်း ရေနစ်သွားခဲ့တာ ဖြစ်ပါတယ်။

မကွေးရောင်စုံမေတ္တာအသင်း တာဝန်ရှိသူတဦးက “အသင်းကို သတင်းဝင်တာက မနေ့က ၁ နာရီခွဲလောက်ပါ။ ကလေးတွေကို ရေကလည်း သိပ်မနက်တော့ ရွာသားတွေက ဆင်းပြီး‌တော့ ဆယ်ထားပေးတာ။ နစ်တာက ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ဆိုတော့ ဆင်းဆယ်တဲ့အချိန်နဲ့ အသက်မမီတော့တာ” လို့ ပြောပါတယ်။

ရွာခံတွေက ကလေးငယ်နှစ်ဦး ရေနစ်နေတယ်လို့ ကယ်ဆယ်‌ရေးအသင်း‌တွေကို ဖုန်းဆက် အကြောင်းကြားခဲ့ကြတာဖြစ်ပြီး အသင်းတွေ ရောက်ရှိချိန်မှာတော့ ကလေး ၂ ယောက်စလုံး အသက်မရှိတော့ဘူးလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နေရာကို မကွေးရောင်စုံမေတ္တာအသင်းနဲ့ မကွေးပရဟိတမင်း‌ခေါင်အသင်းတို့ရဲ့ လူနာတင်ယာဉ်တွေနဲ့ မကွေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024