စပိန်နိုင်ငံ ကာနာရီကျွန်းစုက တောင်ပေါ်မှာ သြဂုတ် ၁၆ ရက်က တောမီးတွေ လောင်ကျွမ်းနေပါတယ်။
ဥရောပတိုက် အပူပိုင်းဒေသ ကုန်းတွင်းပိုင်း လေထုကြောင့် ဒေသတွင်း အပူချိန် သိသိသာသာ တိုးလာနေတယ်လို့ ဒေသဆိုင်ရာ မိုးလေဝသအေဂျင်စီက အရင်က တွစ်တာလို့သိကြတဲ့ X လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က သတိပေးခဲ့ပါတယ်။
ကာနာရီကျွန်းစုဝင် လာပယ်မာကျွန်းပေါ်မှာ ဇူလိုင် ၁၅ ရက်က စခဲ့တဲ့ တောမီးကြောင့် အနည်းဆုံး လူ ၄,၀၀၀ လောက်ကို ပန်တာဂေါ်ဒါနဲ့ အိမ်နီးချင်း တီဂျာရာေဖရွာတွေက ဘေးလွတ်ရာနေရာတွေကို ရွှေ့ပေးခဲ့ရပါတယ်။ မီးသတ်သမားတွေက လကုန်လောက်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဥရောပတိုက်ဟာ ကမ္ဘာတဝန်းလုံးမှာ စိုးရိမ်စရာအဆင့်ကို ရောက်နေတဲ့ ပူပြင်းတဲ့ အပူချိန်ရဲ့ သက်ရောက်မှုကို တိုက်ပွဲဝင်နေရတာပါ။
ဇူလိုင်လကတော့ ကုန်းပေါ်နဲ့ ပင်လယ်မှာပါ မှတ်တမ်းတင်ထားသမျှ အပူဆုံးလဖြစ်ပါတယ်။
Source - Reuters