Home
မြန်မာသတင်း
မြန်မာဘက်ခြမ်း မြဝတီတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ချထား 
DVB
·
August 15, 2023
Screenshot 2023-08-15 170438

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ်အုပ်စုနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့မှာ KNLA ၊ ကော်ဘရာစစ်ကြောင်း၊  PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကနေ ပစ်ခတ်သံတွေကြားလို့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့  AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာဖြစ်ပြီး ဒီကနေ့မနက်မှာ ပိုမိုပြင်းထန်လာကြောင်း၊ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ မြဝတီ တောင်ဘက်  လက်ခတ်တောင်ပေါ်ရှိ တာဝါတိုင်စခန်းကုန်းကို  ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားရင်း တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ 

အဆိုပါစခန်းဟာ မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ်အုပ်စု ဟွေမုန့်ရွာနဲ့ မျက်နှာချင်းဆိုင်မှာ ရှိကြောင်း ၊ တိုက်ပွဲမှာ  ကေ- ၈၁ ၊ ကေ - ၁၂၀ လက်နက်ကြီးတွေ ၊ ဂျီတူး ၊ ဂျီသရီး၊ အမ် ၆၀ ၊ အမ် ၉၃ စက်သေနတ်တွေ ၊ စနိုက်ပါ ၊ အာရ်ပီဂျီ ၊ အမ် - ၇၉ စတဲ့လက်နက်တွေ အသုံးပြုပြီး  အပြင်းအထန် တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်သံတွေကို ထိုင်းဘက်ခြမ်းကနေ ကြားနေရပြီး ထိုင်းနယ်စပ် ပြည်သူတွေက အခြေအနေကို မပြတ်စောင့်ကြည့်နေကြကြောင်း၊ လောလောဆယ်တော့ ထိုင်းဘက်ခြမ်းကို တစုံတရာ ထိခိုက်လာတာမရှိသေးပေမဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ရာ့ချ်ချူမ်းဖူး အထူးတိုက်ခိုက်ရေးတပ်က အဲဒီဘက်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပြီး လုံခြုံ‌ရေး စောင့်ကြပ်နေတယ်လို့ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ 

ဒီနေ့တစ်ရက်တည်းမှာဘဲ မယ်ဟောင်ဆောင်ခရိုင်နဲ့ မျက်နှာချင်းဆိုင် ကရင်နီပြည် ဖားဆောင်း မြို့နယ်ထဲမှာလည်း ကရင်နီနဲ့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ AEC အာဆီယံသတင်းမှာ ဆက်လက်ဖော်ပြပါတယ်။ 

တိုက်ပွဲဟာ ဖားဆောင်းမြို့နယ် နားကေရွာနဲ့ ပါပူရွာကြားမှာ ဖြစ်ပွားပြီး  ဒီမနက် ၉ နာရီလောက်က မြန်မာစစ်ကောင်စီတပ်ဘက်က  တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ပစ်ခတ်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Ref: AEC NEWS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024