အာဂျင်တီးနားနိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ မတိုင်ခင် အကြိုရွေးကောက်ပွဲတခုကို သြဂုတ် ၁၃ ရက်က ကျင်းပရာမှာ အများပြည်သူ အခွင့်အရေးအပေါ် ထောက်ခံတဲ့ ပြင်ပကိုယ်စားလှယ်လောင်းတဦးက မဲအများဆုံးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
၉၀ ရာခိုင်နှုန်းနီးပါးအထိ မဲရေတွက်ပြီးချိန်မှာ ရော့ခ်သီချင်းသီဆိုတဲ့ စီးပွားရေးပါရဂူ ဟာဗီးရား မီလေးက ဆန္ဒမဲစုစုပေါင်းရဲ့ ၃၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် ဒီ လက်ယာစွန်းဝါဒီအပေါ် မျှော်မှန်းထားတာထက် အတော်ကို သာလွန်နေတယ်လို့ ဆိုပါတယ်။
အဓိက အတိုက်အခံဖြစ်တဲ့ ကွန်ဆာဗေးတစ်အုပ်စုက ၂၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး အာဏာရ ညွန့်ပေါင်းအဖွဲ့ ပဲရွန်းနိစ်ကတော့ ၂၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
ဒါကြောင့် ဒီမဲရလဒ်က ဗဟိုလက်ဝဲယိမ်းဝါဒီ ပဲရွန်းနိစ် ညွန့်ပေါင်းအဖွဲ့နဲ့ အဓိက အတိုက်အခံ ဖြစ်တဲ့ Together for Change ကွန်ဆာဗေးတစ်အုပ်စုအပေါ် ပြည်သူတွေရဲ့ အထိနာအောင် အပြစ်ပေးမှုတခုပဲ ဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံရဲ့ အကြိုရွေးကောက်ပွဲတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကတည်းက ကျင်းပလာခဲ့တာဖြစ်ပြီး ဒီတခေါက် အကြိုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ခဲ့တာကြောင့် အနိမ့်ဆုံးနှုန်းထား ဖြစ်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၁၆ ရာခိုင်နှုန်းအရ နေထိုင်မှုစရိတ် အကျပ်အတည်း ဖြစ်ပေါ်နေတာကြောင့် လူ ၁၀ ယောက်မှာ ၄ ယောက်က ဆင်းရဲတွင်းနက်နေတာ ဖြစ်ပါတယ်။
Source - Reuters