Home
မြန်မာသတင်း
ထားဝယ်အကျဥ်းထောင်အရာရှိ ၁ ဦးကို  မူးယစ်ဆေးဝါးများနှင့်ဖမ်းမိ
DVB
·
August 15, 2023
367744849_10159605982752913_5354256856155273037_n

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်အတွင်းရှိ  ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့ နေအိမ်ကို သြဂုတ် ၁၄ ရက် နေ့လယ် ၃ နာရီက စစ်ကောင်စီတပ်နဲ့ ရဲတွေ ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထားဝယ်အကျဥ်းထောင်ရှိ ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်နဲ့ ရဲက အလစ်ဝင်ရောက်ရှာဖွေခဲ့ရာက WY၊ ICE၊ ဆေးခြောက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ထောင်ထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ သတင်းတွေ ပြန့်နေလို့ ဝင်စစ်တာ၊ ဖမ်းမိတော့ ကိုယ့်ဝန်ထမ်းဖြစ်နေတယ်။ ဘယ်သူတွေပါဦးမလဲမသိဘူး။ စစ်ကြောရေးမှာ စစ်နေတယ်။”

ထားဝယ်အကျဥ်းဦးစီးဌာနမှ ဒုထောင်မှူး ဦးသူရိန်ထွန်းကို ဖုန်းမျိုးစုံ ၄၉ လုံး၊ လက်ပ်တော့ ၃၀ လုံး၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ အများအပြား၊ WY၊ ICE၊ ဆေးခြောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးခံရတဲ့ ဒုထောင်မှူး ဦးသူရိန်ထွန်းကို စစ်ကောင်စီတပ်က စစ်ကြောရေးကို ပို့ဆောင်ထားပြီး ကွင်းဆက်တရားခံတွေကို စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024