တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆုပြည်နယ်မှာ လေဆင်နှာမောင်းနဲ့ မိုးသီးမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ် ၁၃ ရက်က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင် စီစီတီဗီ ရုပ်သံဌာနရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ လေဆင်နှာမောင်းတခုက လယ်ယာမြေတွေကို ဖြတ်သန်းသွားတဲ့အပြင် နေအိမ်တွေရဲ့ ခေါင်မိုးတွေပါ ပျက်စီးစေခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမြောက်ပိုင်းကနေ သိပ်မဝေးတဲ့ ယန်ချန်းမြို့အနီးမှာ မွန်းလွဲပိုင်းက မုန်တိုင်းဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ပူပြင်းတဲ့ နွေရာသီကာလ ကုန်ဆုံးသွားပြီးနောက် မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ ပိုမိုဖြစ်ပွားလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံမှာ စံချိန်တင် မိုးရွာသွန်းမှုနဲ့အတူ လွန်ကဲတဲ့ ရေကြီးမှုတွေပါ ဖြစ်ပွားနေကြောင်း သိရပါတယ်။
Source - Reuters