Home
မြန်မာသတင်း
မြောက်ဒဂုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာ
DVB
·
August 14, 2023
366941900_266175799491327_875395120403214032_n

ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ တိုးကြောင်ကလေးဘူတာအနား အမှတ် ၂ လမ်းမကြီးပေါ်မှာ ဩဂုတ် ၁၃ ရက် မနက်ပိုင်းက ကား နှစ်စီးတိုက်မိပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦးအနက် ၄ ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မနက် ၆ နာရီ မိနစ် ၄၀ လောက်က တိုယိုတာမာ့ခ်တူး အိမ်စီးကားဟာ လမ်းပြောင်းပြန် ကျော်တက်ရာကနေ လူ ၉ ဦးကျော်ပါတဲ့ ဈေးကြိုလိုက်ထရပ်ကားနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင်ပရဟိတအသင်း ဥက္ကဋ္ဌက “အိမ်စီးရွှေငါး (မာ့ခ်တူး) ကားလေးနဲ့ လိုက်ထရပ် ဈေးကြိုကားတို့ တိုက်မိတာပါ။ ကြီးကြီးမားမားဖြစ်တာတော့ ၄ ဦးပါ။ ယောက်ျားလေး ၁ ဦးက ခေါင်းပိုင်း တော်တော်ထိထားတယ်၊ ကျိုးလည်း ကျိုးထားတယ်။ မိန်းကလေး ၃ ဦးမှာ ကိုယ်ဝန်သည် ၁ ဦးပါတယ်။ ထိခိုက်တာအားလုံးက ဈေးကားကလူတွေပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဈေးကြိုကား တိမ်းမှောက်သွားကာ ကားပေါ်ပါ လူနာစုစုပေါင်း ၉ ဦး အနက် အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦးတို့မှာ ဦးခေါင်းထိခိုက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ထိခိုက်မှုပြင်းထန်တဲ့ လူနာ ၄ ဦးကို စေတနာရှင်ပရဟိတအသင်းယာဉ် ၂ စီးနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးထားပြီး မစိုးရိမ်ရလူနာ ၅ ဦးကို H Rescue အရေးပေါ် ကယ်ဆယ်ရေးအသင်းက ဆေးကုသမှု ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024