အမျိုးသမီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အင်္ဂလန်နဲ့ သြစတြေးလျ၊ စပိန်နဲ့ ဆွီဒင်တို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်လက်ကျန်ပွဲစဉ်တွေမှာ သြစတြေးလျက နာမည်ကြီး ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ၇ ဂိုး ၆ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံး အကြိမ် ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့တာပါ။
အလားတူ အင်္ဂလန်အသင်းကလည်း ကိုလံဘီယာ ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက် ရောက်နိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဩဂုတ် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကျင်းပသွားမှာပါ။ သြဂုတ် ၁၅ ရက် မွန်လွဲ ၂ နာရီခွဲမှာ စပိန်နဲ့ ဆွီဒင်၊ သြဂုတ် ၁၆ ရက် ညနေ ၄ နာရီခွဲမှာ ပူးတွဲအိမ်ရှင် သြစတြေးလျနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ရောက် လေးသင်းထဲမှာ ဆွီဒင်တစ်သင်းသာ ဗိုလ်လုပွဲ တက်ခဲ့ဖူးပါတယ်။