အီကွေဒေါသမ္မတလောင်း ဖာနန်ဒို ဗီယာဗီစန်စီယို လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သံသယရှိသူတွေဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ဒီလူသတ်မှု နောက်ကွယ်က ပြစ်မှုကျူးလွန်ဖို့ ကြံစည်လှုံ့ဆော်ပေးသူတွေကို လိုက်ရှာနေတယ်လို့ အစိုးရက ပြောကြားလိုက်ပါတယ်။
အီကွေဒေါသမ္မတလောင်း လုပ်ကြံခံရမှုမှာ ဖမ်းဆီးခံထားရသူ ၆ ဦးနဲ့ သေဆုံးသူတဦးတို့ဟာ ကိုလံဘီယာနိုင်ငံသားတွေဖြစ်ကြောင်း အီကွေဒေါရဲတပ်ဖွဲ့က သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။
သေဆုံးသွားတဲ့ သံသယရှိသူကို လက်နက်စွဲချက်တွေနဲ့ ဇူလိုင်လက ဖမ်းဆီးခဲ့ကြောင်းနဲ့ ဖမ်းဆီးခံထားရသူ ၆ ဦးဟာ ရာဇဝတ်ဂိုဏ်းတွေက အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ သူတို့ဟာ ဘယ်နိုင်ငံသားတွေဖြစ်ကြောင်းကို ရဲသတင်းထောက်ရုံးက အတည်ပြုခဲ့ပါတယ်။
ဗီယာဗီစန်စီယိုရဲ့ မိုဗီမီယန်တို ကွန်စထရူးယေး ပါတီက သူသေဆုံးမှုကနေ နိုင်ငံရေးအရ အသုံးချတယ်ဆိုတဲ့ စကားကို ကြာသပတေးနေ့မှာ ပယ်ချခဲ့ပြီး အမြန်စုံစမ်းစစ်ဆေးပေးဖို့ X ဆိုရှယ်မီဒီယာမှာ တောင်းဆိုထားပါတယ်။
အဂတိလိုက်စားမှုနဲ့ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ ဝေဖန်ရေးဆရာ ဗီယာဗီစန်စီယိုဟာ ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ကွီတိုမြောက်ပိုင်းက ပညာရေးဆိုင်ရာ အဆောက်အအုံတခုရှိ မဲဆွယ်စည်းရုံးပွဲကနေ ထွက်ခွာသွားခဲ့ပြီးနောက် အသတ်ခံခဲ့ရတာပါ။
ရွေးကောက်ပွဲမတိုင်ခင် ၂ ပတ်အလိုမှာပဲ လူသေဆုံးသွားတဲ့ သေနတ်ပစ်ခံရမှုမှာ တောင်အမေရိကနိုင်ငံကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။
Source - Reuters