ဟာဝိုင်အီကျွန်းစုရှိ မောက်အီကျွန်းမှာ ဟာရီကိန်းမုန်တိုင်းအရှိန်ကနေ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် တောမီး လောင်ကျွမ်းခဲ့လို့ သေဆုံးရသူ ၅၃ ဦး အထိ ရှိလာပြီလို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။
တောမီးလောင်မှုကြောင့် ကျွန်းရဲ့ လဟိုင်းနားအပန်းဖြေမြို့ရဲ့ နေရာအများအပြား ပျက်စီးခဲ့ကြောင်း မောက်အီကျွန်း ကောင်တီက ထုတ်ပြန်ပါတယ်။
ရပ်ကွက်အများအပြား မီးလောင်ကျွမ်း ပြာကျကုန်တာကြောင့် ကျွန်းရဲ့ အနောက်ဘက်ခြမ်းဟာ ပြတ်လုနီးနီး ဖြစ်သွားပြီးတော့ အမြန်လမ်းတခုတည်းသာ ပွင့်နေပါတယ်။
လဟိုင်းနားမြို့၊ သူ့ရဲ့ဆိပ်ကမ်းနဲ့ အနီးတဝိုက်ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှု ရှိကြောင်း တာဝန်ရှိသူတွေက ပြောကြားထားပြီး ထောင်ပေါင်းများစွာသော လူတွေကို ဘေးလွတ်ရာ ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အနောက်တောင်ဘက် မိုင်ရာနဲ့ချီဝေးတဲ့ ဒိုရာ ဟာရီကိန်းမှ လေတိုက်ခတ်မှုကြောင့် ပြည်နယ်အနှံ့ မီးကူးစက် လောင်ကျွမ်းသွားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေး ကာလရှည်ကြာနိုင်ကြောင်း ဟာဝိုင်အီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဆီလ်ဗီယာလုခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။
Source-Reuters/CNN