ဂျပန်အမျိုးသမီးအသင်းသားအားလုံးက ဒုက္ခပေးနိုင်စွမ်းရှိတဲ့သူတွေဖြစ်ကြောင်း ဆွီဒင်အမျိုးသမီးအသင်းနောက်ခံလူ အဲရစ်ဆင်က ပြောသွားပါတယ်။
ဆွီဒင်နဲ့ ဂျပန်အသင်းတို့ဟာ သြဂုတ် ၁၁ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်မှာ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြရမှာပါ။
ဂျပန်အသင်းမှာ တိုက်စစ်မှူး မီယာဇာဝါက ၅ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲရဲ့ ဂိုးအများဆုံ သွင်းထားတဲ့ ကစားသမား အဖြစ် ရပ်တည်နေတာပါ။
ဂျပန်အသင်းမှာ မီယာဇာဝါတစ်ဦးကပဲ ဒုက္ခပေးနိုင်စွမ်းရှိတာမဟုတ်ဘဲ အသင်းတစ်သင်းလုံးက ဒုက္ခပေးနိုင်စွမ်းရှိလို့ တစ်ဦးတစ်ယောက်အပေါ်မှာပဲ အာရုံစိုက်ကစားလို့မရ ကြောင်း ဆွီဒင်နောက်ခံလူ အဲရစ်ဆင်က ပြောပါတယ်။
ဂျပန်အသင်းမှာ အထင်ကြီးစရာကောင်းတဲ့အချက်က တိုက်စစ်ကို ဘယ်သူကပဲ ဦးဆောင်ကစားသည်ဖြစ်စေ ကစားပုံပျက်မသွားတာဖြစ်တယ်လို့ အဲရစ်ဆင်က ချီးကျူးသွားပါတယ်။