Home
မြန်မာသတင်း
သန်လျင်တွင် ကား ၂ စီးတိုက်မိပြီး ၁ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ
DVB
·
August 10, 2023
Car accident (10 august 2023)

ရန်ကုန်၊ သန်လျင်မြို့နယ်၊ ကုလားဝဲ၊ သန်လျင်အမှတ် ၂ တံတားလမ်းမမှာ ဩဂုတ် ၉ ရက် ညပိုင်းက ကား ၂ စီး တိုက်မိပြီး ၁ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

‌ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်က စက်ရုံဝန်ထမ်းတွေ စီးနင်းလာတဲ့ YBS ၃၁ ဖယ်ရီကားနဲ့ မြေသယ်ကားတို့က အဲ့ဒီည ၇ နာရီ မိနစ် ၂၀ လောက်မှာ ဝင်တိုက်မိကြတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် YBS ၃၁ ယာဉ်မောင်းအမျိုးသား ဆေးရုံအရောက်မှာ သေဆုံးသွားပြီး စက်ရုံဝန်ထမ်းအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့မှာ ‌လက်နဲ့ ခြေထောက်ကျိုး၊ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဒဂုံမေတ္တာကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌက “လမ်းကြောင်းတခုက အပြန်မှာ ယာဉ်တိုက်မှုကို တွေ့တာပါ။ ဖယ်ရီပို့ပေးတဲ့ YBS ကားနဲ့ မြေသယ်ကား တိုက်တာ။ ၂ စီးစလုံး လမ်းဘေးထိုးကျထားပါတယ်။ YBS ယာဉ်မောင်းကတော့ ဆေးရုံမှာပဲ အရောင်ပြောင်းပါတယ်။ တွေ့ခဲ့သလောက် သေဆုံးသူအပါအဝင် ၁၃ ဦးပါ။ အမျိုးသမီး ၁၀ ဦး ပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနေရာကို သက်ဆိုင်ရာအဖွဲ့နဲ့ ဒဂုံမေတ္တာကယ်ဆယ်ရေးအသင်း၊ ဒဂုံဆိပ်ကမ်း လူမှုကူညီရေးအသင်းနဲ့ မြို့ခံအရပ်ဘက်အသင်းတွေ ပူးပေါင်းကယ်ဆယ်ခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို သန်လျင်ဆေးရုံကြီးနဲ့ စိုးရိမ်ရလူနာတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၀ ရက်၊ မနက် ၇ နာရီခွဲကျော်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှာ YBS ၉၁ က ရှေ့ကားကို ကျော်တက်ရာမှ လမ်းဘေးရှိ စည်ပင်ဝန်ထမ်းအမျိုးသား ၁ ဦးကို ဝင်တိုက်ခဲ့လို့ သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024