Home
မြန်မာသတင်း
ပုသိမ်-မုံရွာလမ်းမကြီးကို ဆက်သွယ်ထားသည့် ဆိပ်ဖြူလမ်းပိုင်းအား စစ်တပ် ဖျက်ဆီး
DVB
·
August 10, 2023
SeikPhyu road destroyed by SAC 1

ပုသိမ်-မုံရွာ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ဆိပ်ဖြူ-ဆော လမ်းပိုင်းတွေနဲ့ ဖြတ်လမ်းတွေကို စစ်ကောင်စီက ကရိန်းကားတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ဆိပ်ဖြူ-ဆော လမ်းမကြီးနဲ့ အဲ့ဒီလမ်းပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းသွယ်တွေကို စစ်ကောင်စီက ဩဂုတ် ၈ ရက်ကစပြီး ဖျက်ဆီးနေကာ ဒီနေ့ထိလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နယ်ခံတဦးက “စက်ဘီးနဲ့ဆိုရင်တော့ အဲ့ဒီနေရာတွေရောက်ရင် ထမ်းပြီး ဆက်သွားရတာပေါ့။ ဆိုင်ကယ်နဲ့လည်း သွားမရတော့ဘူး။ လမ်းခရီးပိုင်းက မြို့ပေါ်ရောက်ဖို့ အတော်လေး သွားရတာ။ စားသောက်ကုန်ဝယ်ဖို့တောင် ခက်ခဲသွားပြီ။ ပြည်သူ့ကာကွယ်ရေးသမားတွေကို ရိက္ခာဖြတ်ဖို့လုပ်တယ် ဆိုပေမဲ့ ပြည်သူပဲ ဒုက္ခရောက်တာ။ သူတို့(စကစ) လုပ်ချင်ရာ လျှောက်လုပ်နေတာ။ အခုတော့ စားသောက်စရာရဖို့ပဲ အဆင်ပြေအောင် လူစုပြီး လုပ်နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုဖျက်ဆီးခံရတဲ့ လမ်းပိုင်းဟာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ကျော် သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

အရပ်သားအစိုးရ အန်အယ်လ်ဒီပါတီ လက်ထက်က ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေနဲ့ ခင်းထားတဲ့လမ်းပိုင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo - Cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024