အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဒုသမ္မတ ကမ်မလာဟားရစ်နဲ့ ဥပဒေစိုးမိုးရေး အရာရှိတွေကို ခြိမ်းခြောက်ခဲ့တဲ့ ယူတားပြည်နယ်က အမျိုးသားတယောက်ရဲ့ နေအိမ်ကို ဩဂုတ် ၈ ရက်မှာ ဖက်ဒရယ်အေးဂျင့် FBI အဖွဲ့တွေက ရှာဖွေခဲ့ပြီး ဝင်ရောက်စီးနင်း ပစ်သတ်ခဲ့ပါတယ်။
FBI အေးဂျင့်တွေဟာ ဆော့ထ်လိတ်ခ်စီးတီးတောင်ဘက် ပရိုဗိုမြို့ရှိ နေအိမ်မှာ အဲဒီအမျိုးသားကို ဝရမ်းထုတ် ရှာဖွေဖမ်းဆီးခွင့်ရဖို့ ကြိုးစားခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း FBI အဖွဲ့က ပြောပါတယ်။
မနေ့က ယူတားပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ သမ္မတ ဘိုင်ဒင်ကို အဆိုပါ စီးနင်းမှုနဲ့ ပတ်သက်ပြီး အကျဉ်းချုံး တင်ပြထားပါတယ်။
ယူတားပြည်နယ်ဆိုင်ရာ အမေရိကန်ရှေ့နေရုံးက ရိုက်တာနဲ့ မျှဝေထားတဲ့ ဖက်ဒရယ် တိုင်ကြားချက်မှာ ခရေ့ဂ် ရောဘတ်ဆန် အမည်ရှိ သံသယရှိသူဟာ သမ္မတ ဘိုင်ဒင်နဲ့ ဒုသမ္မတ ဟားရစ်တို့ကို လုပ်ကြံသတ်ဖြတ်ဖို့ စက်တင်ဘာလတုန်းက အွန်လိုင်းမှာ ပို့စ်တင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီလူဟာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ မန်ဟက်တန်ခရိုင်ရှေ့နေ အာလ်ဗင်ဘရဲ့ဂ်နဲ့ အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါးလန်းဒ်ကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
Source - Reuters