အီကွေဒေါသမ္မတလောင်း ဖာနန်ဒို ဗီယာဗီစန်စီယို အသတ်ခံခဲ့ရတယ်လို့ သမ္မတ ဂွယ်လာမို လက်စိုက သြဂုတ် ၉ ရက်မှာ အရင်က တွစ်တာလို့သိကြတဲ့ လူမှုမီဒီယာပလက်ဖောင်း X ကနေ အတည်ပြုခဲ့ပြီး ဒီရာဇဝတ်မှုကို အပြစ်မပေးဘဲ မနေဘူးလို့လည်း ကတိပြုခဲ့ပါတယ်။
လွှတ်တော်အမတ်ဟောင်း ဗီယာဗီစန်စီယိုဟာ ကွေတိုမြို့က မဲဆွယ်ချီတက်ပွဲအတွင်း ပစ်သတ်ခံရတာလို့ ဒေသခံမီဒီယာတွေက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
သူအသတ်ခံရမှုမှာ သံသယရှိသူဟာလည်း ပစ်ခတ်မှုအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ဆိုရှယ်မီဒီယာပလက်ဖောင်း X ကနေ ပြောခဲ့ပါတယ်။
လက်နက်ကိုင်တွေဟာ ဗီယာဗီစန်စီယိုရဲ့ ကွေတိုမြို့က ရုံးတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သူ့ရဲ့ပါတီ မိုဗီမီယန်တို ကွန်စတူယေက လူမှုကွန်ရက်မီဒီယာ X မှာ ပြောခဲ့ပါတယ်။
Source - Reuters