တောင်ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ သြဂုတ် ၉ ရက်က တိုင်ဖွန်းမုန်တိုင်း ခါနန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေလို့ တောင်ကိုရီးယားအစိုးရဟာ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်တွေဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဂျယ်ဂျူး အပြည်ပြည်ဆိုင်ရာလေဆိပ်က လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းခိုင်းခဲ့ပါတယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်လယ်ရေကြောင်းလမ်းတွေနဲ့ ကားလမ်းမတွေ ဒါဇင်များစွာကို ပိတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မုန်တိုင်းခါနန်ဟာ သြဂုတ် ၁၀ ရက်မှာ တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ထုံ့ယွန်းမှာ ကုန်းတွင်းပိုင်းကို ရောက်လာနိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သြဂုတ် ၈ ရက်က တာဝန်ရှိသူတွေဟာ တိုင်ဖွန်းမုန်တိုင်း မတိုက်လာခင်မှာ ကမ္ဘာ့ကင်းထောက် စုဝေးပွဲကို ရောက်ရှိလာသူတွေ ဘေးကင်းရေးအတွက် ကင်းထောက် ၃၀,၀၀၀ ကျော်ကို အနောက်တောင်ဘက်ရှိ သူတို့ရဲ့ စခန်းချနေရာကနေ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မုန်တိုင်းဟာ လက်ရှိမှာ တိုကျိုမြို့ကနေ မိုင်ပေါင်း ၅၃၀ လောက်ကွာဝေးတဲ့ ဂျပန်နိုင်ငံ အနောက်တောင်ဘက်ရှိ အဓိကကျွန်းကြီးဖြစ်တဲ့ ကျူရှူးကျွန်းရဲ့ တောင်ဘက်ပင်လယ်မှာ ရှိနေတာဖြစ်ပြီး မုန်တိုင်းဖြတ်သန်းလာရာ အိုကီနာဝါဒေသ အနောက်တောင်ပိုင်းမှာ အပျက်အစီးတွေ ဖြစ်ကျန်ခဲ့ပါတယ်။
Source - Reuters