တိုင်ဖွန်းမုန်တိုင်း ခါနန်ရဲ့ မိုးသက်လေပြင်းတွေ သြဂုတ် ၉ ရက်က ဂျပန်နိုင်ငံတောင်ပိုင်းကို အပြင်းအထန်တိုက်ခတ်ခဲ့ပါတယ်။
နွေရာသီ အားလပ်ရက် အမြင့်ဆုံး ခရီးသွားရာသီ အတွင်း လူထောင်ပေါင်းများစွာ ခရီးသွားဖို့ ပြင်ဆင်နေကြချိန်လေးမှာပဲ တိုကျိုကို ခြိမ်းခြောက်နိုင်တဲ့ နောက်ထပ် တိုင်ဖွန်း-၆ လို့ခေါ်တဲ့ မုန်တိုင်းတခုကလည်း အရှေ့ဘက်ကနေ ချဉ်းကပ်လာနေပါတယ်။
ဂျပန်နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီ (JMA) က ဂျပန်နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေကို မိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာကြောင့် ကာဂိုရှီးမားနဲ့ ကျူရှူးကျွန်းရှိ တခြားမြို့တွေမှာ ရထားနဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
ဂျပန်နိုင်ငံတောင်ဘက် ပစိဖိတ်သမုဒ္ဒရာမှာ ဒုတိယမြောက် လန်မုန်တိုင်း ဖြစ်ပေါ်ခဲ့တာကြောင့် မုန်တိုင်းဟာ လာမယ့်ရက်တွေအတွင်း ကိုရီးယားကျွန်းဆွယ်ကို ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းရပါတယ်။
မုန်တိုင်းဟာ မြောက်ဘက်ကို ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး လာမယ့်သီတင်းပတ် အစောပိုင်းမှာ တိုကျိုမြို့ကို ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ JMA က ခန့်မှန်းထားပါတယ်။
Source - Reuters