Home
နိုင်ငံတကာ
အီရန်နှင့် BRICS အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို
DVB
·
August 9, 2023
Iran BRICS_09082023

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာမီယာအဗ်ဒူလာဟိန်က BRICS အဖွဲ့ဝင်နိုင်ငံတွေ အကြား ပူးပေါင်းဆောင်ရွက်ဖို့ သြဂုတ် ၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အီရန်မြို့တော် တီဟီရန်မှာ ကျင်းပတဲ့ BRICS နဲ့ အီရန် ရှုထောင့်အတွက် မိတ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်ရေးလို့ ခေါင်းစဉ်ပေးထားတဲ့ ထိပ်သီးအစည်းအဝေးမှာ ခုလို တောင်းဆိုလိုက်တာပါ။ BRICS အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ ပါဝင်တာဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ ပထဝီဝင်တည်နေရာ၊ စွမ်းအင်အရင်းအမြစ်တွေနဲ့ ငယ်ရွယ်ကျွမ်းကျင်တဲ့ လုပ်သားအင်အားတွေဟာ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးမှာ ယုံကြည်စိတ်ချရပြီး ထိရောက်တဲ့ မိတ်ဘက်ဖြစ်လာစေဖို့ ပံ့ပိုးပေးတဲ့ အားသာချက်တွေအဖြစ် အာမီယာအဗ်ဒူလာဟိန်က မီးမောင်းထိုးပြခဲ့ပါတယ်။

အီရန်အပေါ် တဖက်သတ်နဲ့ တရားမဝင်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးတဲ့ ဘယ်လိုအစပျိုးမှုကိုမဆို အီရန်က ကြိုဆိုတယ်လို့ သူကပြောပါတယ်။

ဒဏ်ခတ်မှု သက်သာခွင့်အတွက် အပြန်အလှန်အနေနဲ့ အီရန်အစိုးရရဲ့ နျူးကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ ၂၀၁၅ သဘောတူညီချက် ပျက်စီးခဲ့ပေမဲ့ အီရန်အပေါ် ဆက်ပြီး ထိန်းချုပ်ကန့်သတ်ဖို့ အနောက်နိုင်ငံတွေက အားထုတ်နေတာကို ရုရှားက ဩဂုတ် ၈ ရက်မှာ ပယ်ချခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024