ကလေးသူငယ်အလွဲသုံးစားလုပ်မှု၊ ကလေးသူငယ်တွေရဲ့ ညစ်ညမ်းရုပ်ပုံတွေကို လက်ဝယ်ထားရှိမှုတို့နဲ့ ဂျာမန်နိုင်ငံသားတဦးကို သြဂုတ် ၈ ရက်မှာ ကင်ညာတရားရုံးတရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် ၈၁ နှစ် ချမှတ်ခဲ့ပါတယ်။
အသက် ၇၄ နှစ်အရွယ် သောမတ်စ်ရှယ်လာဟာ ကင်ညာဆိပ်ကမ်းမြို့ဖြစ်တဲ့ ကီဆုမုမှာ အသက် ၁၃ နှစ်အရွယ် ကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး တခြား အရွယ်မရောက်သေးသူ ကလေး ၂ ယောက်ကိုလည်း ကလေးညစ်ညမ်းရုပ်ပုံတွေကို ပြခဲ့တယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ တရားစွဲဆိုခံခဲ့ရတာပါ။
ရှယ်လာကို ရဲတွေက လအတော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် သူဟာ နိုင်ရိုဘီမြို့က ဂျာမန်သံရုံး အပြင်ဘက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ရှယ်လာက သူ့အနေနဲ့ ဘောင်ခတ်ခံထားရပြီး ကလေးနဲ့ သူ့အမေကို ကူညီဖို့ ကြိုးစားနေတယ်လို့ တရားရုံးကို ပြောပါတယ်။
တရားရုံးကတော့ ကင်ညာနိုင်ငံမှာရှိတဲ့ လိင်ပြစ်မှု ကျူးလွန်သူစာရင်းထဲမှာ သူ့နာမည်ကို ထည့်သွင်းခဲ့ပါတယ်။
Source - Reuters