အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ နယူးဒေလီမြို့မှာ သြဂုတ် ၈ ရက်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပွဲအတွင်း လူငယ်ကွန်ဂရက် အလုပ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ရာမှာ ဆန္ဒပြသူအများအပြားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားခဲ့ပါတယ်။
အတိုက်အခံပါတီရဲ့ လူငယ်အဖွဲ့ဝင်တွေက အစိုးရနဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီတို့ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့တွေအတွက် စိုးရိမ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။
မဏိပူရမှာ ကူကီးလူမျိုးတွေအတွက် သီးသန့်ထားတဲ့ အစိုးရအလုပ်နဲ့ ပညာရေးကဏ္ဍမှာ လူများစုဖြစ်တဲ့ မေးတီတိုင်းရင်းသားလူဦးရေအတွက် အထူးစီးပွားရေး အကျိုးခံစားခွင့်နဲ့ ခွဲတမ်းတွေကို တိုးမြှင့်စဉ်းစားဖို့ ပြည်နယ်တရားရုံးက အမိန့်ချပြီးတဲ့နောက် မေလ ၃ ရက်က စပြီး လူမျိုးရေး အကြမ်းဖက်မှုတွေ စတင်ပေါ်ပေါက်ခဲ့တာ ခုချိန်ထိ ဖြစ်ပါတယ်။
Source - Reuters