နိုင်ဂျီးယားအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို တက်နင်းခဲ့တဲ့အပေါ် အင်္ဂလန်ကွင်းလယ်လူ လော်ရန်ဂျိမ်းစ်က ပြန်လည်တောင်းပန်သွားပါတယ်။
လော်ရန်ဂျိမ်းစ်ဟာ ပွဲချိန် ၈၇ မိနစ်မှာ နိုင်ဂျီးရီးယားနောက်ခံလူ မီချယ်အလိုဇီရဲ့ ခါးပေါ်ကို ရှင်းရှင်းလင်းလင်း တက်နင်းခဲ့တာဖြစ်ပြီး အနီကတ်ပြသ ထုတ်ပယ်ခံခဲ့ရတာပါ။
တက်နင်းမိခဲ့တဲ့ ဖြစ်ရပ်အပေါ် ဝမ်းနည်းမိပြီး မီချယ်အလိုဇီအပေါ် လေးစားမှုရှိကြောင်း၊ အသင်းပရိသတ်တွေ၊ အသင်းဖော်တွေကိုလည်း တောင်းပန်လိုပြီး ဒီအတွေ့အကြုံကနေ သင်ခန်းစာယူသွားမှာဖြစ်ကြောင်း လော်ရန်ဂျိမ်းစ်က ပြောပါတယ်။
တက်နင်းခံရသူ မီချယ်အလိုဇီဘက်ကလည်း လော်ရန်ဂျိမ်းစ်အပေါ် လေးစားကြောင်းနဲ့ ကမ္ဘာ့အဆင့် ပွဲစဉ်တပွဲမှာ စိတ်ခံစားချက်များခဲ့တာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းက ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။