Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုများ သွေးစည်းညီညွတ်ပြီး အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံအဖွဲ့များ တိုက်တွန်း 
DVB
·
August 8, 2023
Screenshot 2023-08-08 161056

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ၂၀၂၃ ခုနှစ်ကို  အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် အဖြစ် ​သတ်မှတ်ကြေညာထားတဲ့အပေါ် လက်တွေ့ကျကျ   အလေးထားပြီး တာဝန်ယူ တာဝန်ခံမှုတွေနဲ့ မဟာဗျူဟာမြောက် ဆောင်ရွက်ပေးဖို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံအဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြတောင်းဆိုထားတာဖြစ်ပြီး စတေးခံ သက်သက်မဟုတ်တဲ့ ပြည်သူတွေနဲ့ အရေးတော်ပုံတပ်သားတွေရဲ့ ပေးဆပ်‌နေရတာတွေ အချည်းနှီးမဖြစ်စေဘဲ NUG၊ CRPH၊ NUCC နဲ့ NLD အပါအဝင် လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေ၊ တခြား မိတ်ဖက်တော်လှန်ရေး အင်အားစုတွေအားလုံး ပိုသွေးစည်းညီညွတ်ပြီး အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ပွဲဝင်ကြဖို့လည်း တောင်းဆိုထားပါတယ်။

ကြေညာချက်ကို နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်၊ နွေဦးတော်လှန်ရေး သံဃကွန်ရက်၊ သံဃသမဂ္ဂ(မန္တလေး)၊ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ် ကွန်ရက်နဲ့ မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းအနေနဲ့ ပြည်သူလူထု တခဲနက် ထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုပဲ အမြန်ဆုံး အသိအမှတ်ပြုပြီး စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအကူအညီတွေနဲ့ အမြန်ဆုံး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ကြေညာတဲ့ အဖွဲ့တွေအနေနဲ့လည်း  စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ် ချုပ်ငြိမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘက်ပေါင်းစုံကနေ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးစုံ ဘာသာစုံ အင်အားစုတွေကို အပြည့်အဝအားပေးထောက်ခံပြီး မိမိတို့အဖွဲ့တွေရဲ့ နိုင်ငံရေးဦးတည်ချက်တွေနဲ့အညီ ဗျူဟာမြောက် အစွမ်းကုန် ပူးပေါင်းမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအဆင့်ဆင့်မှာ ကျဆုံးခဲ့ကြရတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အာဇာနည် သူရဲကောင်းတွေ၊ ပေးဆပ်ခဲ့ကြတဲ့ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းကို ဦးညွှတ် ဂုဏ်ပြုထားပြီး စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တကွ တရားလက်လွတ် သေဒဏ်ကျခံနေရသူတွေ အပါအဝင် နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်မတွေ ဖြစ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013