Home
မြန်မာသတင်း
NUG ဝန်ကြီးများ ကုလညီလာခံ ဆက်စပ်အစည်းဝေးများတက်ရောက်ဆွေးနွေး
DVB
·
September 27, 2024
photo Crd-NUG

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

စက်တင်ဘာ ၁၀ ရက်ကနေ ၂၈ ရက်အထိ ကျင်းပနေတဲ့ ဒီညီလာခံမှာ အခုနှစ်ရဲ့ ဆောင် ပုဒ်အနေနဲ့ လက်ရှိနဲ့ အနာဂတ်မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေး၊ ရေရှည်တည် တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ပူးတွဲလုပ် ဆောင်မယ့် ဆောင်ပုဒ်ဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်ပေမဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ မိန့်ခွန်းတွေဟောပြောချိန်မှာ အထူးအရေးကြီးတယ်လို့ ယူဆတဲ့ အကြောင်းအရာတွေကိုလည်း တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးဟာ ကမ္ဘာ့အကြီးဆုံး သံတမန်ရေးရာ အခမ်းအနားတွေထဲက တခုလို့ယူဆကြပြီး အခုနှစ်မှာတော့ ကမ္ဘာတဝန်းကြီးထွားလာ နေတဲ့ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေရဲ့ အရိပ်အောက်မှာ ကျင်းပနေတာပါ။

ဒီအစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေသလို သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာ အပါအဝင် နိုင်ငံကိုယ်စားပြုခွင့် ကိုယ်စားလှယ်နေရာတွေကို အဆုံးဖြတ်ပေးမယ့် အဖွဲ့ဝင် ၉ နိုင်ငံပါ ကော်မတီကို အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင်NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက   စက်တင်ဘာ ၂၅ ရက်မှာ ပြုလုပ်တဲ့ တရားမျှတ မှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲမှာ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံး ဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့နဲ့အတူ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အကြမ်းဖက်စစ်အုပ်စုရဲ့ ပြစ်ဒဏ်မှ ကင်းလွတ်နေတဲ့ သံသရာကနေ လွတ်မြောက်‌ရေးအတွက် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားစနစ်အောက်က ပိုမိုဆန်းသစ်တဲ့ နည်းလမ်းသစ်တွေ ရှာကြံဖို့လို‌ကြောင်း၊ အရင်း အမြစ်တွေကို ဒီထက်ပိုပြီး ထိထိမိမိရှာဖွေကာ အသုံးပြုတဲ့နေရာမှာ ထိရောက်မှုပုံစံနဲ့ တိုင်းတာဖို့လိုပါ‌ကြောင်း၊ အသွင်ကူးပြောင်းခြင်းဆိုင်ရာ တရားမျှတမှုကို ပြည်တွင်းမှာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ နစ်နာသူဗဟိုပြု လုပ်ငန်းစဉ် ပုံစံမျိုးနဲ့ ပြည်တွင်း/ပြည်ပမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ ကလည်း အရေး ကြီးပါကြောင်းဆွေးနွေးပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်တဲ့ အစည်းဝေးတွေမှာ Community Health နဲ့ ဆိုင်တဲ့ကျန်းမာရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် NUG အစိုးရ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုးကိုလည်း ကုလသမဂ္ဂက ဖိတ်ကြားခဲ့တာကြောင့် တက်ရောက်ဆွေးနွေးနေ တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013