ထိုင်ဝမ်သာ တိုက်ခိုက်ခံရရင် ထိုင်ဝမ်ကိုကာကွယ်ဖို့ အမေရိကန်နဲ့ ဂျပန် အပါအဝင် တခြားသူတွေက ပိုခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုနေပြီ ဆိုတာကို ထိုင်ဝမ်ရေလက်ကြားက ပိုတင်းမာလာနေတဲ့ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းက ပြနေတယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရို အာစိုက ဩဂုတ် ၈ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကို လာရောက်လည်ပတ်တဲ့ ဂျပန် ဝါရင့်နိုင်ငံရေး သမားကြီး အာစိုက ဒေသတွင်း လုံခြုံရေးကိစ္စတွေကို အဓိကထား ကျင်းပတဲ့ နှစ်စဉ် ကျင်းပနေကျ ခါ့တာ့ဂါလန်ဖိုရမ်မှာ အခုလို မှတ်ချက်ပေးခဲ့တာပါ။
ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်တဲ့ တရုတ်ကို ကျူးကျော်သူအဖြစ် မသတ်မှတ်ထားပေမဲ့ ထိုင်ဝမ်၊ အမေရိကန်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ဂျပန်အတွက် အားကောင်းတဲ့ အဟန့်အတားကို လက်တွေ့ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ အာစိုက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က သူ့အစိုးရဟာ ထိုင်ဝမ်ကာကွယ်ရေးကို မြှင့်တင်ဖို့ ကတိကဝတ် ပြုထားပြီး သူ့ရဲ့လုံခြုံရေး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျောထောက်နောက်ခံကို လုံးဝဥဿုံ အားကိုးအားထားပြုဖို့ ယုံစားမထားဘူးလို့ အဲဒီဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။
Source - Reuters