ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်မြို့ လယ်ခေါင်မှာ ရန်ကုန်လူထုသပိတ်လူငယ်တွေက '၈' ဂဏန်းနဲ့ 'တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ' စာတန်းပါ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ထီးအနီရောင်လှုပ်ရှားမှုမှာ နေရာဒေသမရွေး တောင်ပေါ်မြေပြန့်သွေးချင်းအားလုံး ပူးပေါင်းပါဝင်ဖို့လည်း ရန်ကုန်လူထုသပိတ်က ဖိတ်ခေါ်ထားပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ လူထုလူတန်းစားတစ်ရပ်လုံး ဆန့်ကျင်တော်လှန်ခဲ့ကြ တာဖြစ်သလို အခု ၂၀၂၁ နွေဦးတော်လှန်ရေးကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းရမယ့် လူထုလူတန်းစားတစ်ရပ်လုံးရဲ့ အဆုံးသတ်တိုက်ပွဲဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
PHOTO- ရန်ကုန်လူထုသပိတ်