တောင်တရုတ်ပင်လယ်ပြင်မှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံဟာ အချုပ်အခြာ အာဏာနဲ့ပိုင်နက်နယ်မြေဆိုင်ရာ အခွင့်အရေးအတွက် အခိုင်အမာ ဆက်လက်ရပ်တည်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဩဂုတ် ၇ ရက်မှာ ပြောကြားပါတယ်။
တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး သင်္ဘောငယ် တစ်စီးကို ပိတ်ဆို့ပြီး ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်နိုင်ငံဘက်က သြဂုတ် ၆ ရက်တုန်းက စွပ်စွဲထားပါတယ်။
တောင်တရုတ် ပင်လယ်ပြင်ကြီး တစ်ခုလုံးနီးပါးကို အချုပ်အခြာအာဏာအရ ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်အပေါ်မှာ နိုင်ငံတကာက ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် မလေးရှား၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေကလည်း ဒီပင်လယ်ပြင်ရဲ့ တချို့ဧရိယာတွေကို ပိုင်ဆိုင်ကြောင်း အမျိုးမျိုးသော တောင်းဆိုမှုတွေ ရှိနေပါတယ်။
Source-Reuters