စပါးအသင်းနဲ့ ရှက်တာဒွန်းညက်အသင်းတို့ရဲ့ ဩဂုတ် ၆ ရက်နေ့ ကစားခဲ့တဲ့ ချစ်ကြည်ရေး ရာသီ အကြိုခြေစမ်းပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းက တယောက်တည်း ၄ ဂိုးသွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ ကိန်းရဲ့ သွင်းဂိုးတွေနဲ့အတူ စပါးအသင်းက ရှက်တာဒွန်းညက်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အဆင့် ၈ နေရာအထိ ရောက်ရှိသွားတဲ့ စပါးအသင်းကို ကိုင်တွယ် တဲ့ အသင်းနည်းပြသစ် ပိုစတီကိုလူအတွက်တော့ ဒီပွဲဟာ ပထမဆုံးပွဲဦးထွက် နိုင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။
လန်ဒန်မြောက်ပိုင်းမှာ ဆက်ရှိနေဦးမလာဆိုတာ မသေချာဖြစ်နေတဲ့ တိုက်စစ်မှူးကိန်းအတွက် ရပ်တန့်လို့မရတဲ့ သွင်းဂိုးတွေနဲ့အတူ ပရိတ်သတ်တွေကလည်း ဟစ်ကြွေး အားပေးခဲ့ကြပါတယ်။
စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဟာရီကိန်းဟာ ကလပ်အသင်းကနေ ထွက်ခွာဖို့ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချိတ်ဆက်နေပြီး ဘိုင်ယန်မြူးနစ်အပါအဝင် တခြား နာမည်ကြီး ကလပ်အသင်းတွေကလည်း ကိန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
Source-Reuters