Home
မြန်မာသတင်း
၆ လအတွင်း နိုင်ငံတဝန်း အကြိမ် ၈၀၀ ကျော်မီးလောင်ပြီး ၅၄ ဦးသေ
DVB
·
August 7, 2023
0000

ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံတဝန်းမှာ ၆၇ ကြိမ် မီးလောင်ခဲ့ပြီး ဇန်နဝါရီကနေ ဇွန်လအထိမှာတော့ အကြိမ် ၈၀၀ ကျော် မီးလောင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇွန်လတုန်းက မီးဖိုမီးနဲ့ ပေါ့ဆမီး ၂၄ ကြိမ်၊ အလိုအလျောက်လောင်တာနဲ့ လျှပ်စစ်ကြောင့်လောင်တာက အကြိမ် ၃၀ ဖြစ်ပြီး မီးလောင်မှုတွေကြောင့် အိမ်ခြေနဲ့ဂိုဒေါင် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ လူ ၃ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရသလို ဆုံးရှုံးမှုတန်ဖိုးက ကျပ် သိန်း ၂၀၀၀ လောက်ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်အထိ ၆ လအတွင်းမှာတော့ မြန်မာနိုင်ငံ တဝန်းမှာ  မီးဖိုမီး ၁၅၃ ကြိမ်၊ ပေါ့ဆမီး ၂၆၆ ကြိမ်၊ အလိုအလျောက်မီး အကြိမ် ၂ဝ၊ လျှပ်စစ်မီး ၂၇၂ ကြိမ်၊ တောမီး ၉၄ ကြိမ်နဲ့ မိုးကြိုးပစ်လို့ ၄ ကြိမ်လောင်ခဲ့တယ်လို့ စာရင်းမှာ ဖော်ပြပါတယ်။

ဒီထဲမှာ မသမာသူရှို့မီး ၆၃ ကြိမ်နဲ့ သောင်းကျန်းသူရှို့မီး အကြိမ် ၇ဝ လို့ ဖော်ပြထားပြီး မသမာသူရှို့မီးဆိုတာက သာမန်ရှို့မီးကို ပြောတာဖြစ်နိုင်ပြီး သောင်းကျန်းသူ ရှို့မီးဆိုတာကတော့ စစ်ကောင်စီတပ်တွေရှို့တဲ့မီးကို တော်လှန်ရေးတပ်တွေရှို့သယောင် စာရင်းဖော်ပြထားတာ ဖြစ်နိုင်ပါတယ်။

ဒီမီးလောင်မှုတွေကြောင့် အိမ်ခြေအဆောက်အဦ ၂၄၉၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူ ၅၄ ယောက်သေဆုံး၊ ၁၂၃ ယောက် ဒဏ်ရာရခဲ့သလို ဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်း ၁၃၆၆၉ ကျော်ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကတော့ သာမန်ဖြစ်လေ့ရှိတဲ့ မီးလောင်မှုတွေပဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက တမင်ရှို့နေတာဟာ ဒါထက်အများကြီး ပိုနေပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်တာကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ တနိုင်ငံလုံးအနှံ့မှာ ပြည်သူ့နေအိမ်ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးနေပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ စာရင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ကောင်စီက အကြိမ် ၉၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက နေအိမ်အဆောက်အအုံ ၂၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024