အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ရယ်မောခဲ့တဲ့ အမေရိကန် တိုက်စစ်မှူး ရက်ပီးနိုးကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ကမ္ဘာ့နံပါတ်တစ် အမေရိကန် အမျိုးသမီးဘောလုံးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာ ဆွီဒင် အသင်းက ၅ ဂိုး ၄ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
အမေရိကန်တိုက် စစ်မှူးမီဂန်ရက်ပီးနိုးဟာ ပင်နယ်တီကို ဘားတန်းပေါ်ကျော်ကန်ခဲ့ပြီးနောက် ရယ်မောခဲ့သလို အသင်းဖော်တွေဆီပြန်ရောက်ချိန်တဲ့အထိ ရယ်မောခဲ့တာပါ။
အဲဒီအပေါ်အမေရိကန်ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး ရယ်စရာမဟုတ်တဲ့ကိစ္စဖြစ်ကြောင်းနဲ့ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို ဝေဖန်ခဲ့ကြပါတယ်။
အသက်၃၈နှစ်ရှိ ရက်ပီးနိုးဟာ အခုနှစ်ကမ္ဘာ့ဖလားဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။