ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင် လကုန်ပိုင်းတုန်းက ပျောက်ဆုံးသွားတဲ့ အသက် ၂၄နှစ် အရွယ် မက္ကဆီကို အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ပြီ ဖြစ်တယ်လို့ သြဂုတ် ၅ ရက် မှာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအမျိုးသမီးရဲ့ အမှုနဲ့ပက်သက်ပြီး မက္ကဆီကိုနိုင်ငံမှာပါ ကျယ်ပြန်တဲ့ အာရုံစိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ဖြစ်တဲ့ အင်တာပိုလ်ကပါ မာရီယာ ဖာနန်ဒါ ဆန်းချက်ဇ် (Maria Fernanda Sanchez) ဆိုတဲ့ ဒီအမျိုးသမီးအတွက် အဝါရောင်အဆင့် ရှာဖွေရေးသတိပေးချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
ဂျာမနီမြို့တော် ဘာလင်ရဲ့ အက်ဒ်လာရှော့ဖ် (Adlershof) ရပ်ကွက်ရှိ တံတားပေါ်မှာ လမ်းလျှောက် နေသူ တစ်ဦးက တူးမြောင်း တစ်ခုအတွင်း ပျောက်ဆုံးနေသူ အမျိုးသမီးရဲ့ အလောင်းမျောပါနေတာ ကို တွေ့ရှိခဲ့တာပါ။
ဂျာမနီရဲတပ်ဖွဲ့ကတော့ "ဒါဟာ ပြင်ပဘေးလူတွေရဲ့ အပြစ်ဆိုပြီး ယူဆထားလို့ မရပါဘူး။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်" ဆိုပြီး မှတ်ချက်ပေးပါတယ်။
ဆန်းချက်ဇ်ဆိုတဲ့ ဒီအမျိုးသမီးပျောက်ဆုံးသွားခဲ့ပြီးနောက် သူ့မှာ " ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ် " ရှိနေတာကို ညွှန်ပြနေတာမျိုး တွေ့ရှိခဲ့ရတယ်လို့ ဘာလင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။
Source-Reuters