အီဂျစ်နိုင်ငံ သာသနာရေးဝန်းကြီးဌာနရုံး မီးလောင်
DVB
·
August 6, 2023
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ အရှေ့ဘက် ၂၈ မိုင်အကွာ သဲကန္တာရထဲမှာ ဆောက်လုပ်ဆဲ မြို့တော်သစ် တခုဆီကို ဝန်ထမ်းတွေပြောင်းရွှေ့သွားပြီးတဲ့နောက် ရက်ပိုင်းအကြာ သြဂုတ် ၅ ရက်မှာ ကိုင်ရိုမြို့လယ်က သာသနာရေးဝန်ကြီးဌာန မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးသတ်ကား ခုနစ်စီးထက်မနည်း ဖြန့်ကျက်ထားပြီး နာရီတော်တော်ကြာပြီးတဲ့နောက် နေရာ အများစုမှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ရှိမရှိ ချက်ချင်း မသိရသေးပါဘူး။
Source-Reuters