ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်မြို့မှာ ရုရှားထောက်လှမ်းရေးစနစ်ကို ပစ်မှတ်ထားနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ပြထးတဲ့ ရုပ်သံကို ယူကရိန်းအမျိုးသား အစောင့်တပ်ဖွဲ့က သြဂုတ် ၅ ရက်မှာ လွှင့်တင်လိုက်ပါတယ်။
ဧရိယာရဲ့ တံတား၊ လမ်းအပြင်အဆင်၊ မြစ်တူးမြောင်းတို့ရဲ့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အဆောက်အအုံတွေရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဗီဒီယိုရိုက်ကူးတဲ့ နေ့ရက်ကို ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်း အမျိုးသား အစောင့်တပ်ရဲ့ YouTube စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုရဲ့စာတန်းမှာ ခွန်ခါ မြစ်ကူး တံတားပေါ်မှာ တပ်စွဲထားတဲ့ ရုရှားဗီဒီယိုစောင့်ကြည့်ရေးစနစ်ကို “တိတိကျကျ တိုက်ခိုက် ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးကာလတုန်းက လူဦးရေ ၂ သိန်း ၈ သောင်း ရှိတဲ့ ခါဆွန်မြို့ကို ၂၀၂၂ ခုနှစ် မတ် ၂ ရက်နေ့မှာ ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
နိုဝင်ဘာလ အစောပိုင်းမှာ ယူကရိန်းတပ်တွေက ခါဆွန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲဒီအချိန်က စပြီး ဒနစ်ပရိုမြစ်ရဲ့ အရှေ့ဘက်ခြမ်းက ရုရှားတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပုံမှန်ပစ်ခတ်ခဲ့ပါတယ်။
Source-Reuters