အမေဇုန်မိုးသစ်တောမှာ စည်းကြပ်မှုအားနည်းတဲ့ တရားမဝင် ရွှေတူးဖော်မှုတွေမှာအသုံးပြုတဲ့ ပြဒါးတွေက ကုန်းပေါ်နေ နို့တိုက်သတ္တဝါတွေကို အစုလိုက်အပြုံလိုက် အဆိပ်သင့်စေတယ်လို့ ကမ္ဘာ့ပထမဆုံး သော လေ့လာမှုတစ်ခုရဲ့ ပဏာမတွေ့ရှိချက်တွေ အရ သိရပါတယ်။
ပီရူးနိုင်ငံအရှေ့တောင်ပိုင်းက မာဒရီဒက်ဒီရော့စ်ဒေသရဲ့ မိုးသစ်တောထဲမှာ မြစ်ကမ်းတလျှောက် ရွှေတူးဖော်နေကြတဲ့ အလုပ်သမားပေါင်း ၄၆,၀၀၀ နီးပါးအထိ ရှိတယ်လို့ သိရပါတယ်။
လို့စ် အာမီးဂို့စ်လို့ခေါ်ဆိုတဲ့ အဲ့ဒီနေရာဟာ ပီရူးနိုင်ငံဆိုင်ရာ အသေးစား သတ္ထုတွင်းလုပ်ငန်းတွေရဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလနှောင်းပိုင်းမှာ သုတေသီတွေရဲ့ သုံးရက်တာ ခရီးစဉ်အတွင်း အရင်က အစီရင်ခံမှု မရှိသေးတဲ့ တွေ့ရှိချက်တွေ ကိုပါ လေ့လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သုတေသန ပြုလုပ်နေသူတွေရဲ့ အချက်အလက်အရ တရားမဝင် ရွှေတူးဖော်မှုကြောင့် ဖြစ်ပေါ်လာ တဲ့ ပြဒါးညစ်ညမ်းမှုဟာ မျိုးတုံးအန္တရာယ်ရှိနေတဲ့ ဇီဝမျိုးစိတ်တွေအတွက် အရေးပါတဲ့ နေရာတွေ အထိ ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ နို့တိုက်သတ္တဝါတွေထဲမှာ ရှဉ့်နဲ့ပူး လိုမျိုး အကောင်တွေအပါအဝင် တောကြောင်မျိုးတွေနဲ့ တီတီ မျောက်တွေအထိ ပါဝင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
Source-Reuters