စစ်တပ်အာဏာသိမ်းထားတဲ့ နိုက်ဂျာနိုင်ငံရဲ့ မြို့တော်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ အကျိုးသက်ရောက်မှုအဖြစ် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဈေးဝယ်သူတွေ စိုးရိမ် ထိတ်လန့်နေကြပါတယ်။
အာဏာသိမ်း စစ်အစိုးရကတော့ ဒေသတွင်းအုပ်စုတွေရဲ့ အာဏာပြန်ပေးရေး ကြိုးပမ်းမှုတွေကို တွန်းလှန်နိုင်တာကြောင့် အခြေအနေတွေကို တောင့်ခံနိုင်တယ်လို့ ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က စစ်အာဏာသိမ်းယူပြီးကတည်းက အနောက်အာဖရိက နိုင်ငံရေးအစုအဖွဲ့ (ECOWAS) ဟာ နယ်စပ်တွေကိုပိတ်ပြီး ကုန်သွယ်မှုဆက်ဆံရေးတွေကိုလည်း ဖြတ်တောက် လိုက်တာကြောင့် နီယားမေးမြို့တော်ရဲ့ ဈေးကွက်ထဲမှာ ဆန်တစ်အိတ်ရဲ့ ကုန်ကျစရိတ်မှာ အရင် ဈေးနှုန်းထက် ၃ ပုံ ၁ ပုံ ထပ်တက်လာတယ် လို့ ဈေးဝယ်သူတယောက်က ပြောပါတယ်။
၂၀၂၀ နောက်ပိုင်း အနောက်ဖက်နဲ့ ဗဟိုအာဖရိကဒေသမှာ သတ္တမအကြိမ်မြောက် အာဏာသိမ်းမှုဖြစ်တဲ့ သမ္မတ မိုဟာမက် ဘာဇိုမ်ကို ဖြုတ်ချခံခဲ့ခြင်းအတွက် အနောက်အာဖရိက နိုင်ငံများရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) က အပြင်းထန်ဆုံး ရပ်တည်ချက်ပြခဲ့တာကြောင့် နိုင်ဂျာစစ်အာဏာရှင်တွေဟာ ECOWAS ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတာပါ။
ECOWAS ဟာ ပိတ်ဆို့အရေးယူမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ထားပြီး တနင်္ဂနွေနေ့အထိ သမ္မတ ဘာဇိုမ်ကို အာဏာပြန်မအပ်ရင် အင်အားသုံးခွင့်ပြုနိုင်ကြောင်း သတိပေးထားပါတယ်။
Source-Reuters